WeChat ကို လစဉ်အသုံးပြုသူ

WeChat ကို လစဉ်အသုံးပြုသူ ၄၃၈ သန်းရှိလာ

တရုတ် ဝက်ဘ်ကုမ္ပဏီကြီး ဖြစ်သော Tencent ၏ ဒုတိယသုံးလပတ် ဝင်ငွေအစီရင်ခံစာ ထုတ်ပြန်ချက်အရ ၎င်း၏ WeChat messaging app ကို လစဉ် အသုံးပြုသူ အရေအတွက် ၄၃၈.၂ သန်း ရှိလာကြောင်း သိရသည်။

WeChat နှင့် Tencent ၏ instant messaging ဝန်ဆောင်မှု QQ တို့၏ ဝင်ငွေသည် ယခုနှစ် ဒုတိယသုံးလပတ်တွင် အမေရိကန်ဒေါ်လာ ၄၈၇.၄ သန်း ရှိခဲ့သည်။

WeChat ကို လစဉ်သုံးစွဲသူ ဦးရေသည် ယခုနှစ် ပထမ သုံးလပတ်က ၃၉၆ သန်းသာ ရှိခဲ့ပြီး ပြီးခဲ့သည့်နှစ် ပထမ သုံးလပတ်တွင် ၂၃၆ သန်းသာရှိခဲ့သည်။

Facebook ပိုင်ဆိုင်သည့် WhatsApp ကို လစဉ်သုံးစွဲသူ ဦးရေသည် သန်း ၅၀ဝ ရှိသည်။ သို့သော်လည်း Tencent အနေဖြင့် WeChat ကို တရုတ်နိုင်ငံ ပြင်ပမှ သုံးစွဲသူဦးရေအား ဖော်ပြခဲ့ခြင်း မရှိပေ။ WeChat ကို အဓိက သုံးစွဲသူများမှာ တရုတ်ပြည်မကြီးများ ဖြစ်သော်လည်း သုံးစွဲသူ အချိုးအစား အတိအကျကို ကုမ္ပဏီမှာ ဖော်ပြခဲ့ခြင်း မရှိကြောင်း ဆိုသည်။

WeChat ကို တရုတ်နိုင်ငံပြင်ပမှ မှတ်ပုံတင်ပြီး အသုံးပြုသူ သန်း ၁၀ဝ ရှိကြောင်း လွန်ခဲ့သည့် ၁၂ လက Tencent မှ ပြောကြားခဲ့သော်လည်း ၎င်းနောက်ပိုင်းတွင် ထပ်မံကြေညာခဲ့ခြင်း မရှိပေ။

Credit:Internet Journal

Post By:#MMIT