iTunes Store ပေါ်မှာ မြန်မာ App ထူးထူးဆန်းဆန်းလေးရောက်နေတယ်ဆိုလို့ သွားကြည့်လိုက်ပါတယ်။ Revo Tech ကထုတ်လုပ်လိုက်တဲ့ Phew ဆိုတဲ့ Application ဖြစ်ပြီး မြန်မာအက္ခရာ အရေးအသား လေ့ကျင့်နိုင်ဖို့အတွက် ရေးသားထားတာပဲဖြစ်ပါတယ်။ ကလေးတွေ အကြိုက်တွေ့စေမှာပါ။ စာလုံးရေးသားရာမှာ ရောင်စုံ ရေးနိုင်တဲ့အတွက် ကလေးတွေပျော်ပျော်ရွင်ရွင်နဲ့ မြန်မာစာရေးနည်းသင်နိုင်မှာဖြစ်ပါတယ်။ iPad နဲ့ ဂိမ်းဆော့နေမဲ့အစား စာရေးနည်းလေ့ကျင့်ပေးထားရင် ကျောင်းတက်တဲ့အခါ အဆင်ပြေစေမှာပဲဖြစ်ပါတယ်။ အက္ခရာတစ်လုံးကို ၁၂ ကြိမ်ရေးရမှာဖြစ်ပြီး ပထမ ၆ ကြိမ်မှာ dotted line လေးတွေအပေါ်ကထပ်ရေးရမှာဖြစ်ပြီး ဒုတိယတစ်ခါမှာတော့ အလွတ်ရေးရမှာဖြစ်တဲ့အတွက် အက္ခရာတစ်လုံးစီကို မှတ်မိမှာပါ။ Size အနေနဲ့ 12.0 MB ရှိပြီး iPad တွေပေါ်မှာသာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Application က free ဖြစ်ပြီး ကကြီးကနေ ဈ အထိ ပါဝင်ပါတယ်။ ‘က’ ကနေ ‘အ’ အထိပါတဲ့ Full Version ကိုတော့ $1.99 နဲ့In App Purchase မှတစ်ဆင့်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
Download > https://itunes.apple.com/app/phew-myanmar-alphabets/id884964143