Samsung က စမတ်ဖုန်းများအတွက် 512GB Storage Chip ကို ထုတ်လုပ်

 

Samsung News

ဆမ်ဆောင်းက 256GB Storage Chip ကို ရောင်းချခဲ့စဉ်မှာ လူတွေ အထင်ကြီးလေးစားခဲ့ကြပါတယ်။ အခုတော့ ဆမ်ဆောင်းက အဲဒီထက် နှစ်ဆများပြားတဲ့ Storage Chip ကို ထုတ်လုပ်နေပြီး ဒါဟာ စမတ်ဖုန်း နယ်ပယ်မှာတော့ စွမ်းရည်အမြင့်မားဆုံး Storage Chip ဖြစ်တယ်လို့ BusinessWire က ပြောပါတယ်။
အဲဒီ Chip ကြောင့် လာမယ့်နှစ်ထုတ် စွမ်းဆောင်ရည်မြင့် ဆမ်ဆောင်း စမတ်ဖုန်းများဟာ Storage အပိုင်းမှာ ပြိုင်ဖက်များကို နောက်ကောက်ချနိုင်တော့မှာ ဖြစ်ပါတယ်။ သူ့မှာ ၁၀ မိနစ် 4K Video Clip ပေါင်း ၁၃၀ ကို သိမ်းဆည်းနိုင်ပါတယ်။ 64GB Chip မှာ အဲဒီဗီဒီယိုပေါင်း ၁၃ ခုလောက်သာ သိမ်းနိုင်ပါတယ်။
Chip အသစ်က ဒေတာ ကူးပြောင်းမှု အမြန်နှုန်းနဲ့ စွမ်းရည်အပိုင်းမှာလည်း မြင့်မားလာပါတယ်။ 5G HD Video တစ်ခုကို 512GB Chip ကနေ Solid State Hard Drive ကို ကူးပြောင်းရင် ၆ စက္ကန့်သာ ကြာမြင့်မှာပါ။ ဆမ်ဆောင်းက သာမာန် microSD Card ကနေ ဒေတာများ ကူးပြောင်းတာထက် ၈ ဆ ပိုမိုမြန်ဆန်တယ်လို့ ပြောပါတယ်။ Chip အသစ်ထည့်သွင်းထားတဲ့ ဖုန်းများဟာ အလုပ်များစွာကို တစ်ပြိုင်နက် လုပ်ဆောင်နိုင်ပါတယ်။ ဥပမာအားဖြင် ့Dual-App Mode မှာ အရွယ်ကြီးမားတဲ့ ဖိုင်များကို ရှာဖွေနေစဉ် ဗီဒီယိုကို ဒေါင်းလုပ်လုပ်ခြင်းမျိုး ဖြစ်ပါတယ်။
ဆမ်ဆောင်းက 512GB Chip ကို စွမ်းအင် သက်သာစေတဲ့ Circuit Design ဖြင့် တည်ဆောက်ထားတဲ့အတွက် ဘက်ထရီ သက်သာစေတယ်လို့ ပြောပါတယ်။ သူက ကင်မရာကိုလည်း အကျိုးရှိစေပြီး မြင့်မားတဲ့ Resolution ဖြင့် Bursts Mode ကို ထောက်ပံ့ပေးပါတယ်။
Ref : mashable

#Credit