Full Bezel-less LG G7 ရဲ့ Concept ဗီဒီယို ထွက်ပေါ်လာ

LG Product in 2018

Dbs Designing အမည်ရ YouTube Channel က LG G7 ရဲ့ စမတ်ဖုန်း Concept Video တစ်ခုကို လွှင့်တင်လိုက်ပါတယ်။ ဒါဟာ LG ရဲ့ တရားဝင် ကြေညာချက် မဟုတ်ဘဲ ကုမ္ပဏီပြင်ပ ဒီဇိုင်နာများရဲ့ စိတ်ကူး ပုံဖော်မှု ဖြစ်ပါတယ်။ ဗီဒီယိုမှာ LG G7 ဟာ Fully Bezel-less ဖြစ်နေတာကို တွေ့ရပါတယ်။ ဒီဇိုင်းက အလွန် ထူးခြား လှပပါတယ်။

အဲဒီအတွက် ဖုန်းမှာ On-Screen Navigation Buttons များကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ သူ့မှာ 3.5mm Headphone Jack တစ်ခု တပ်ဆင်ထားပါတယ်။ သူ့ရဲ့ ဘေးဘက်မှာ Type-C USB Port နဲ့ စပီကာတစ်ခု ပါပါတယ်။ ညာဘက်မှာတော့ ပါ၀ါခလုတ် မပါပါဘူး။ ဘယ်ဘက်မှာ အသံခလုတ်များ တပ်ဆင်ထားပါတယ်။

အနောက်ဘက်မှာ ကင်မရာနှစ်လုံးနဲ့ Dual-LED Flash တစ်လုံး တပ်ဆင်ထားပါတယ်။ ဒီဇိုင်နာက အဲဒီ ဖုန်းဟာ ရေစိုခံတဲ့ ဒီဇိုင်းဖြစ်တယ်လို့ ပြောပါတယ်။ သူ့ကို ဗီဒီယိုထဲမှာ အရောင်မျိုးစုံဖြင့် ပြသထားပါတယ်။ သူ့မှာ ၅.၈ လက်မ QHD+ Display တပ်ဆင်ထားပြီး ထောင့်စွန်းများဟာ လုံးဝိုင်းပါတယ်။ 8GB RAM , 128GB Internal Storage , 3500mAh Battery များ တပ်ဆင်ထားပါတယ်။

အနောက်ကင်မရာများဟာ 16MP Dual Camera နဲ့ အရှေ့ကင်မရာများဟာ 8MP Dual Camera တို့ ဖြစ်ကြပါတယ်။ Screen အောက်မှာ လက်ဗွေရာအာရုံခံ ကိရိယာ မြှပ်နှံထားပါတယ်။ ဒီနည်းပညာဟာ လာမယ့်နှစ် ဒုတိယနှစ်ဝက်လောက်ကျမှသာ စမတ်ဖုန်းများမှာ ထည့်သွင်းနိုင်မယ်လို့ ကျွမ်းကျင်သူများက သုံးသပ်ထားပါတယ်။ LG ရဲ့ G7 ဟာ ယခု Concept နဲ့ တူညီနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

#Youtube Video

Ref : androidheadlines

#Credit